သန်လျင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ဆိပ်ကျေးရွာနှင့် ပုဂံတောင်ကျေးရွာများရှိ ကျန်းမာရေးဆေးပေးခန်းများ၌ တိုက်ကျွေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ဗီတာမင်အေ (တစ်နှစ်မှ ငါးနှစ်) နှင့် သံချဆေး (နှစ်နှစ်မှ ငါးနှစ်) ထိ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ