ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ရှိစည်ပင်သာယာဈေး(၂)အတွင်းရှိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြစ်ကြီး နားမြို့ စည်ပင်သာယာဈေး အမှတ်(၂)အတွင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများအား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် စည်ပင်သာယာအမှတ်(၂) ဈေးရှိ ovi ကုန်တိုက်အတွင်း လက်ဝတ် ရတနာများ၊ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စျေးအတွင်းရှိ ‌ရွှေစင်ဦး၊ ဇမ္မူရာစ်နှင့် ရွှေဆန်းလီ ရွှေဆိုင်များတွင် လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ခွင့်ပြုချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)