(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲပြုလုပ်

ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို အခြေခံအထက်တန်းအဆင့်အား ပြည်ထောင်စုနေ့ဒို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်ကို ပြည်ထောင်စုနေ့ပေါ်ပေါက် လာပုံခေါင်းစဉ်ဖြင့်လည်းကောင်း ဖြေဆိုယှဉ်ပြိုင်စေခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၅) ဦးရှိကြောင်း သိရသည်။

အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)