ကရသူရိမြို့၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီး

ကရသူရိ ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြပြီး ယနေ့တွင် ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးကြောင်းသိရသည်။

ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲကို (KGမှGrade-1/ Grade-2/ Grade-3/ Grade-4 /Grade-6/ Grade-7/ Grade-8/ Grade-10/ Grade-11/ Grade-12)ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုခဲ့ကြ ပြီး မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လည်းကောင်း၊ အလယ်တန်းအဆင့်သည် ၁၀ ရက်နေ့နှင့် အထက်တန်းအဆင့်သည် ယနေ့တွင် ဖြေဆိုပြီးစီးခဲ့ကြသည်။

(Grade5 နှင့် Grade9) ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာစာဘာသာရပ်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး (Grade-12) Final ဗဟိုအစိုးရစစ်စာမေးပွဲကြီးကို မတ်လ(၁၁)ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်ကာ အဆိုပါ ကျောင်းသား၊ ကျောင်း သူများ အောင်မြင်စွာဖြေဆိုပြီးမြောက်နိုင်ရေး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများက ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         

ကရသူရိ(ပြန်/ဆက်)