လိပ်သိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လိပ်သို ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၉ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရန်လို (ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ်ကွန်ဂရက်တွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်)၊ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်​ထောင်စုနေ့ အမျိုးသားရေးဉီးတည်ချက်များ၊ ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်စို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်၊ ဘိုမျိုး(ရွှေဘို)၏ နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီ ကဗျာ စသည်တို့ ပါရှိပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း