သံတောင်ကြီး ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေး ဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင်းရှုံးနိမ့်ခြင်းစာအုပ်အားယနေ့နံနက်ပိုင်း ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူကစာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒေါ်ခင်စိုးစိုးဦး (Book Club) အဖွဲ့ဝင်မှစာအုပ်ပါအကြောင်းအရာဖြစ်သည့် မွန်းတည်းချိန် အမိုက်မှောင်၊ အောင်မြင်သူနှင့်ရှုံးနိမ့်သူ၊ အသစ်ဖန်တီးသူနှင့်ပျှမ်းမျှလူ၊ တက်ကြွသောသင်ယူမှု၊ ပင်လယ်ကပေးသောဒဿန စသည့်အကြောင်း အရာများကို စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးဦးမြတ်ကိုကို(Book Club) အဖွဲ့ဝင်က ခြားနားခြင်းနှင့်အတတ်ပညာ၊ အရှုံး၏ တစ်ဖက်စွန်း၊ ပြတင်းပေါက်ကအလင်းရောင်၊ ညဏ်ရည်ညဏ်သွေး၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါစာရေးဆရာမောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး မကြောက်မရွံ့အနာဂတ်လှပအောက်ဖန်တီးလာခြင်း၊ စိတ်သဘာဝ၏ ဘက်နှစ်ဖက်ကို ရုပ်သဘာဝဘက်နှစ်ဖက်နှင့်နှိုင်းယှဉ်၍ စဉ်းစားတတ်လာခြင်း၊ အောင်မြင်သူနှင့် ရှုံးနိမ့်သူတို့၏ အကျင့်စရိုက်ကို သိရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
နော်နော်မူ