မိတ္ထီလာ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ သင်တန်းသား၊ သင်တန်းသူများကို ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ သုတရသစာအုပ်စာစောင်များငှားရမ်းပေးရာတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများက စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယခင်က အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်ကာလရောက်ရှိတော့မည်ဖြစ်၍ တက္ကသိုလ်များနှင့်ကောလိပ်များ၊ ဌာနဆိုင်ရာများသို့ တိုးချဲ့ပိုမိုငှားရမ်းပေးခြင်းကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ