ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်မှတ်တမ်းများ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ မီးရှို့ဖျက်ဆီး

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိ‌သော ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများသည်သက်ဆိုင်ရာလွှတ်တော်ရွေး‌ကောက်ပွဲနည်းဥပဒေ ၁၁၁(ခ)အရ ကာလစည်းကမ်း သက်တမ်းကျော်လွန်ပြီဖြစ်၍ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် အမှိုက်ပြစ်ကန်တွင် မီးရှို့ဖျက်ဆီးသည်။

အဆိုပါ သတ်မှတ်ကာလ စည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးနိုင်ရေးအတွက် စစ်ဆေးဖျက်ဆီးရေးဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိပြီး မီးရှို့ဖျက်ဆီးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)