မလှိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျမီးရှို့ဖျက်ဆီး

မလှိုင် ဖေဖော်ဝါရီ ၁၁

မလှိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့ ညနေ နာရီခွဲက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် မီးရှို့ဖျက်ဆီး မှတ်တမ်းတင်နိုင်ရေးဘုတ်အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်ပတ်သက်၍ စစ်ဆေးပြီး စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)