ညောင်ဦးမြို့ ပုဂ္ဂလိကဆေးရုံများတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဆေးရုံများ ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်  နေ့လယ် ၁ နာရီက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏က ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေး တိုးတက်ဖြစ်ထွန်းရေး ပုဂ္ဂလိကကျန်းမာရေးလုပ်ကိုင်သူများသည် ကျန်းမာရေးဗဟိုအဖွဲ့၏ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ညီညွတ်မှု ရှိ၊ မရှိစိစစ်ခြင်း၊ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ညောင်ဦးမြို့ သီရိမင်္ဂလာ ရပ်ကွက်ရှိ လင်းသုခမျက်စိအထူးကုဆေးရုံ၊ရုံးညောင်ပင်ရပ်ရှိ လနှင့်နေ ဆေးရုံသက်တမ်းတိုး လျှောက်ထားမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ပန်းဘဲကုန်းရပ်ကွက်ရှိ Grand Care အထူးကုဆေးရုံ၊ သီရိပစ္စယာရပ်ရှိ အောင်ချမ်းသာ အထူးကုဆေးခန်း၊အောင် မြေသာရပ်ရှိမေတ္တာအထူးကုဆေးရုံ၊ အောင်မဟာအထူးကုဆေးရုံတို့အား ကြိုတင်ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေးတို့ကို ခရိုင်/မြို့နယ် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ ကြိုတင်ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း