နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ မူလတန်းကျောင်းသို့ရောက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများနှင့်တွေ့ဆုံ၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်မပျက် တက်ရောက်နိုင်ရေးအတွက် မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း၊ ကြောင်ရေကျေးရွာအနီးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်း/တံတား)မှ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း၊ ကြောင်ရေကျေးရွာအနီးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(လမ်း/တံတား)မှ ကျောက်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ၃၀'x၂၀'R.C.C တံတားအား ယာယီဘေလီတံတားခင်း၍ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လယ်ဝေးမြို့ပတ်လမ်း(V4)လမ်းတွင် ကျောက်ကတ္တရာထပ်ပိုးလွှာခင်းပြုပြင်ခြင်း ၁၂၄၈၀၀ စတုရန်းပေ၊ လမ်းလယ်ကျွန်းကပ်တုံးပြုပြင်ခြင်းနှင့် မြှင့်တင်ခြင်း ၅၂၀၀ ပေ၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)