တနိုင်း ဖေဖော်ဝါရီ ၁၁
တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မကောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အမျိုးသား ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲ ၂ နာရီက မကောကျေးရွာအုပ်စုအားကစားကွင်း၌ ယှဥ်ပြိုင်ကြသည်။
မကောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား အမျိုးသား/အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပွဲပြိုင်ပွဲကျင်းပရေးကော်တီမတီကို ဒိုးကလေးစက်သုံးဆီဆိုင်မှ ထောက်ပံ့ငွေ ၃၀ သိန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ ထောက်ပံ့ငွေ ၂၀ သိန်း၊ ဦးမြင့်ဇော်+ဒေါ်လမိန်နားတို့မှ ထောက်ပံ့ငွေ ၂၅ သိန်း၊ ဆုဝေစက်သုံးဆီဆိုင်မှ ထောက်ပံ့ငွေ ၁၀ သိန်း၊ အသီးသီး ထောက်ပံပေးသွားကြောင်း သိရသည်။
ရှေးဦးစွာ ယှဥ်ပြိုင်ကစားကျမည့် လမုန်အသင်းနှင့်မုန်ဒိန် အသင်းနှစ်သင်းတို့ FIFA အလံဖြင့် ကွင်းအတွင်းနေရာယူကြပြီး လုမုန်အသင်းနှင့် မုန်ဒိန်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားကြရာ မိနစ် ၁၂၀ အထိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်ရာတွင် လမုန်အသင်းက မုန်ဒိန်အသင်းကို တစ်ဂိုးအသာစီးဖြင့် ဗိုလ်လုပွဲတွင် အနိုင်ရရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဆုရရှိသော လမုန် AG အမျိုးသမီးအသင်းအား တစ်ဦးဆုချီးမြှင့်ချင်းနှင့် ငွေသားဆု ၁ဝ သိန်း၊ ပထမဆုရရှိသော အားကအမျိုးသမီးအသင်းအားဆုတံဆိပ်နှင့်ငွေသားဆု သိန်း ၂၀၊၂၀၂၆ ခုနှစ် မကောကျေးရွာအုပ်စု ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပွဲစဥ်တစ်လျှောက် အမျိုးသား ရှေ့၊လယ်၊နောက်၊ဂိုး အကောင်းဆုံးသမားများအား ဆုငွေ ၂ သိန်းစီ ချီးမြှင့်၊ ဒုတိယဆု ရရှိသော အမျိုးသားမုန်ဒိန်အသင်းအား တစ်ဦးချင်းလည်ဆွဲနှင့် ငွေသားဆု သိန်း ၃၀၊ ပထမဆု ရရှိသော အမျိုးသားလမုန်အသင်းအား တစ်ဦးချင်းလည်ဆွဲ၊ ဆုဖလားနှင့် ငွေသားဆု သိန်း ၅၀ ချီးမြှင့်သွားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)