သံတောင်ကြီး ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားလူငယ် လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင်လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူကဘာလုပ်သလဲ၊ လူကုန်ကူးသူကဘယ်လိုလုပ်ဆောင်လဲ၊ လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာဘာကြောင့်လူ ကုန်ကူးခံရသလဲ၊ လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါကဆက် သွယ် ရမည့်ဖုန်းနံပါတ်များစသည့် အကြောင်းအရာများအား ပြသသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့်အခါအားလျော်စွာအသိပညာပေးနံရံကပ်စာစောင်များပြသပေးလျက်ရှိကြောင်းသိရသည်။
နော်နော်မူ