ပုလောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်

ပုလော  ဖေဖော်ဝါရီ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပုလောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသော်ဇင်ထွန်းက အစားအစာများဘေးကင်းလုံခြုံစိတ်ချရန်၊ အရည်အသွေးကောင်းစိုက်ပျိုး ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ စိုက်ပျိုး ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်နှင့်  ပြည်တွင်း/ပြည်ပပို့ကုန် တိုးမြှင့်ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ GAP အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင်  မကျည်းကုန်းကျေးရွာအုပ်စု၊ ပြည်ခြား ကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာအုပ်စုများမှ မိုးစပါးစိုက် အကျိုးဆောင်တောင်သူ ၁၇၃ ဦး လယ်ဧက ၉၀၀ ကို GAP လက်မှတ်များရရှိကြောင်း၊ အဆိုပါ GAP လက်မှတ်များကို ပုလောမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုလော (ပြန်/ဆက်)