ဘားအံ ဖေဖော်ဝါရီ ၉
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ဘားအံမြို့ ပြည်နယ်လူငယ်စင်တာ ခန်းမအတွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က စစ်တုရင်အားကစားပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုလေ့ကျင့်ပေးရန်၊ အားကစားစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်၊ စစ်တုရင်ကစားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပေးသည့်ပြိုင်ပွဲဖြစ်သော်လည်း ကစားသမား(၅၀)အထိ လာရောက်ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက်မိကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲအား ကစားရုပ်များရွှေ့၍ ပြိုင်ပွဲအားစတင်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)