ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယမန်နေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၊ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ကန်၊ မီးငြှိမ်းသတ်ဆေးဘူးများ စနစ်တကျဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးပြီး ဈေးကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့မဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များကမီးငြှိမ်းသတ်ယာဉ်၊ စည်ပင်သာယာရေး ရေသယ်ယာဉ်တို့ဖြင့် မီးဘေးကြို တင်ကာ ကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းနေသူများနှင့် ဈေးဝယ်သူများ၊ သန္ဓေတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြခဲ့သည်။
မြို့နယ်(ပြန်/ဆက်)