ပေါင်းတည်၌ ကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးရန် ပျိုးဗန်းများပြုလုပ်

ပေါင်းတည် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ခေတ်မီကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးရန် လိုအပ်သည့်ပျိုးဗန်းများရရှိရေးအတွက် စက်မှုလယ်ယာစခန်းတွင် ဒေသခံတောင်သူများနှင့်ညှိနှိုင်း၍ စုပေါင်းပျိုးထောင်စိုက်ပျိုးထားကြောင်း သိရသည်။

အဆိုပါ ပျိုးဗန်းများမှ ၁၅ ရက် ဝန်းကျင်သက်တမ်းရှိ ပျိုးဘလောက်တုံးများကို ကောက်စိုက်စက်များအတွင်း ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်ကြောင်းသိရပြီး စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စီမံကိန်းအတွက် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးနှင့်ဒေသတွင်း၌ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်‌စေရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း စိုက်ပျိုးမြေများ၌ တန်ဖိုးမြင့် ထုတ်ကုန်ရွှေဘို ပေါ်ဆန်းစပါးမျိုးများ ထည့်သွင်းစိုက်ပျိုးလာရာ၌ ကောက်စိုက်စက်များအသုံးပြု၍ စနစ်တကျစိုက်ပျိုးထုတ်လုပ်သွားရန် ကြိုးပမ်းလျက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေသား

ပေါင်းတည် (ပြန်/ဆက်)