ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဘုတ်ပြင်း ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးဇုန်မန်နေဂျာနှင့်ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စိုက်ပျိုးရေးဇုန်မန်နေဂျာ ဦးမင်းကိုက အသိပညာဟောပြောပွဲပြလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ယင်းနောက် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် သစ်ဦးစီးဌာနဝန်ထမ်းများက တက်ရောက်လာကြသူများအား မီးခိုမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip ကို အသိပညာပေးပြသခဲ့သည် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)