သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲကျင်းပ

သဲကုန်း ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ်တွင်  ၂၀၂၆  ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ​​ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ် ပြည့်ဖြိုးသူက  ကျောင်းသား/ ကျောင်းသူများအားပြည်ထောင်စုသမ္မမြန်မာနိုင်ငံရှိ နေ့ထူးနေ့မြတ်များကို အစဥ်သတိရပြီး တန်ဖိုးထားတက်စေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စု၏အဓိပ္ပါယ်စသည့် အကြောင်းအရာများကိုအကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့်စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ ဖတ်ရှုကြရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက မိမိတို့လေ့ကျင့်ထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများကအမှတ်တရဆုလက်​ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ​ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)