နောင်ချိုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နောင်ချို ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၃နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌကိုယ်စား ဒု-ဥက္ကဋ္ဌ ဒေါ်လှလှဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၁/၂၀၂၆သင်တန်း၌ ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ထူးချွန်ဆုများအားလည်းကောင်၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များအားလည်းကောင်း သင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ၂၉-၁-၂၀၂၆ရက်နေ့မှ ၁-၂-၂၀၂၆ရက်နေ့ထိ ၃ရက်တာသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းနည်းပြများအဖြစ် နောင်ချိုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ‌ဒေါ်ခင်ချိုအေးဦးဆောင်သော နည်းပြ၃ဦးဖြင့် ပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြ မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။

မြို့နယ်၊ ပြန်/ဆက်