ကျောက်မဲမြို့၊ အထက(၄) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျောက်မဲ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ယနေ့ နံနက် (၉) နာရီအချိန် က ကျောက်မဲမြို့၊ အထက(၄) ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်း ‌သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ဟောပြောပွဲတွင်သက်ဆိုင်ရာ တာဝန်ခံကျောင်းအုပ်များက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်သန်း‌ရွှေမာက အားကစားဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိဒေါ်ထားထားလှိုင် လူငယ်နှင့်စာဖတ်ခြင်းကိုလည်ကောင်း၊ ဒုတိယဦးစီးမှုး ဒေါ်နန်းခင်မြတ်ဝါက social mediaခေတ်နှင့်လူငယ်တာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်