ပေါင်းတည်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မူလတန်းကျောင်းများတွင် နွားနို့အာဟာရ တိုက်ကျွေး

ပေါင်းတည် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံပညာမူလတန်းကျောင်းများ၌ အာဟာရနွားနို့များ လှည့်လည်တိုက်ကျွေးလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းက ပေါင်းတည်မြို့၊ ၃၇ လမ်း အ-မ-ကတွင် ဆက်လက်တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းခိုင် ဦးဆောင်၍ ဌာနဝန်ထမ်းများနှင့်အတူ ကျောင်းသား၊ ကျောင်းသူလေးများ အာဟာရ ဓာတ်ပြည့်ဝစွာ ရရှိစေပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒေသတွင်း နို့စားနွားမွေးမြူရေးခြံများနှင့် ဌာနမွေးမြူရေးခြံမှ ထွက်ရှိသည့် အာဟာရပြည့်ဝသော သဘာဝနွားနို့စစ်စစ်များဖြင့် အာဟာရ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား