ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ  စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသော "နှလုံးသားကိုဖြူစင်အောင်ထားပါ" စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များ အနက်မှ ဘဝဆိုတာကျွန်တော်တို့ရဲ့ဆရာပါပဲ၊ သင့်ဘဝသည်သင့်ယုံကြည်ချက်၏ ပုံရိပ်ဖြစ်သည်၊ လူ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ နှလုံးသားကိုဖြူစင်အောင်ထားပါ၊ လူတွေအပေါ် ဘယ်လိုမေတ္တာထားရမှာလဲ၊ လက်ခံပေးပါ၊ နားလည်ပေးပါစသည့်  ကြိုက်နှစ်သက်ရာခေါင်းစဉ်တစ်ခုချင်းအလိုက် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

တင့်ဖူးခိုင်(ပြန်/ဆက်)