ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ဈေးတွင် ဈေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ

ပြည်ကြီးတံခွန်  ဇန်နဝါရီ ၂၇

မန္တလေးတိုင်း‌ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တံခွန်တိုင်စျေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် စျေးလက်တွေ့မီးငြှိမ်းသတ်မူသရုပ်ပြလေ့ကျင့်ခြင်းကို ယ‌နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မီးသတ်တပ်ဖွဲ့များ စျေးတာ၀န်ခံနှင့်စျေးသူ/ စျေးသားများ ပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)