မဟာအောင်မြေ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေကိုအလေးထားလေ့လာဖတ်ရှုပြီး မှတ်သားထားသင့်ကြောင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့နှင့် အခြားနေ့ထူးနေ့မြတ်များကို မှတ်သားထား၍ မိမိနိုင်ငံကိုချစ်မြတ်နိုးပြီးတန်ဖိုးထားတတ်သော လူငယ်လူရွယ်များဖြစ်လာစေရန် ကြိုးစားအားထုတ်သင့်ကြောင်း စသည်များ ဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းသား၊သူလေးများကလည်း သိလိုမှုများ မြန်မေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း