မရမ်းကုန်းမြို့နယ်၌ EV CHARGING STATION ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

Sandisolar Co,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်သော မြန်မာနိုင်ငံ၏ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး EV CHARGING STATION ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျိုက်ဝိုင်း ဘုရားလမ်းနှင့် ရွှေရတနာလမ်းထောင့်ရှိ ဓါတ်အားဖြည့်သွင်းရုံတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ(၄) ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီ() ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ(၄)ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အမှာစကားပြောကြားသည်။

ထို့နောက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံဖြိုးရေးနှင့် နည်းပညာ ပြန့်ပွား ရေးလုပ်ငန်းကော်မတီ()ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက အမှာစကားပြောကြားသည်။

ယင်းနောက် EV CHARGING STATION ဖွင့်ပွဲ အခမ်းအနားကို လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ(၄) ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် ပစ္စည်းများ သုတေသနဖွံဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ() ဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက EV ကားများ Solar ဖွင့် အားသွင်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)