ဒလမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် မဲဆန္ဒ နယ်ပြင်ပသွားရောက် မည့်သူများ ကြိုတင်ဆန္ဒမဲပေး

ဒလ   ဇန်နဝါရီ    ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မဲရုံတာဝန် ထမ်းဆောင်မည့်သူများနှင့် သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်မည့်သူများ နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ ကြသည်။

ဒလမြို့နယ်သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ၊ မဲရုံ(၈၈)ရုံတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေး အရမဲဆန္ဒ နယ်ပြင်ပသို့ သွားရောက်ရန် လိုအပ်သူများအနေဖြင့် နိုင်ငံသား အခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှစတင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲများ ပေးလျက်ရှိကြောင်း သိရသည်။

ရဲရင့်သူ(ပြန်/ဆက်)