တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် သာစည်မြို့နယ်၌ မဲရုံနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

သာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာစည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့ရှိ မဲရုံ ၁၁ ရုံတို့တွင် မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်