၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

ဘောလခဲ ဇန်နဝါရီ ၄

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ အချိန်၌ ကျင်းပ၍ နံနက်(၇)နာရီတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဦးဆောင်ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ‌ဘောလခဲခေတ္တခရိုင် အုပ်ချုပ်ရေးမှူးက ဖတ်ကြားသည်။

အဆိုပါအခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ခရိုင် (ပြန်/ဆက်)