ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ စတုတ္ထအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

စစ်တွေ ဒီဇင်ဘာ ၂၇

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance များစုပေါင်း ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထုအားကစားလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာလစတုတ္ထအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့လယ်ချောင်း တံတားရှေ့မှ ဓညဝတီအားကစားကွင်းအထိ ကျင်းပကြသည်။

စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး လမ်းလျောက်ပွဲကိုပါဝင် ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို မြို့လယ်ချောင်းတံတားရှေ့စုရပ်မှစတင်ကာ လမ်းမကြီး၊ မေယုလမ်းတစ်လျောက် ထို့မှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀၀) ကျော်တို့ ပါဝင်ဆင်နွှခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)