အလုံ မေ ၄
အလုံခရိုင်၊ အလုံမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့်ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် ဖေဖော်ဝါရီလနှင့် မတ်လအတွက် ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ် (အ.ထ.က-၃) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)ဒုတိယဗိုလ်မှူးကြီး ဇော်၀င်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားသဘာ၀ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်တို့က ဟားခါးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီးဇော်၀င်း၊ အဖွဲ့၀င်(၂)ဦးမျိုးသန့်၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င်(၁) ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့၀င်(၂)ဦးအောင်စိုး၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုစုမောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျန်ရှိရပ်ကွက်များကိုလည်း သတ်မှတ်နေ့ရက် များတွင် အသီးသီးဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ