ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဝူရှူးအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လမ်းမတော်မြို့နယ် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်တင်ဇာဝင်းပြည့်မှ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၂)လမ်းမတော် ကျောင်းသား/ ကျောင်းသူလေးများ၏ အခြေခံလက်သီးထိုးနည်းစနစ်များ အသီးသီးသရုပ်ဖော်ပြသကြသည်။
ဆက်လက်၍ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်တင်ဇာဝင်းပြည့်နှင့် အ.ထ.က(၂) ကျောင်းအုပ် ဆရာမကြီးဒေါ်နီလာမော်တို့မှ ဝူရှူးနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(၂)လမ်းမတော် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမော်မှ ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်