ကျိုင်းတုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အနက် အမှတ်(၃)ရပ်ကွက်နေ မိသားစုဝင် ၆ ဦးအား ယနေ့နံနက်ပိုင်း က RDT စစ်ဆေးခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာ ကလေးငယ်အား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူလျက် ရှိကြောင်းသိရပြီး တာချီလိတ်မြို့က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ ကျိုင်းတုံမြို့မှ ကျန် ၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေကြာင်း သိရသည်။
တာချီလိတ်မြို့မှ အတည်ပြုလူနာသည် ကျိုင်းတုံမြို့သို့ နိုဝင်ဘာ ၂၀ ရက်က လာရောက်လည်ပတ် ခဲ့ပြီး ကျိုင်းတုံ၊ အမှတ်(၃)ရပ်ကွက်ရှိ သူငယ်ချင်း၏နေအိမ်နှင့် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ ဗုဒ္ဓဥယာဉ်အနီး ရှဲန်တာဝမ်းတည်းခိုးခမ်းတွင် ညအိပ်တည်းခိုခဲ့ရာ ထိတွေ့သူ (၃၇) ဦးအား နိုဝင်ဘာလ ၂၅ ရက် အသွားအလာကန့်သတ်ထားပြီး နိုဝင်ဘာ၂၆ ရက်တွင် RDT စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)