ရွှေပြည်သာမြို့နယ်၌ ခရိုင်အဆင့်အားကစားနှင့်လူငယ်ရေးရာအသိညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ

ရွှေပြည်သာ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ခရိုင်အဆင့်အားကစားနှင့်လူငယ်ရေးရာအသိပညာပေး‌ ဟောပြောသရုပ်ပြပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲတွင် မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန့်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်ခိုင်ဇာဝေမှ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာများ၊ အားကစားသိပ္ပံအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မြင့်က ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် Fitness Dance အဖွဲ့နှင့် တိုက်ကွမ်ဒိုအဖွဲ့များက သရုပ်ပြသကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆု‌ငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားပစ္စည်းများကို‌ ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြဝင်းထံ‌ပေးအပ်ကာ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးဆန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများတက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)