လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၌ တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

လှည်းကူး မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရဲမွန်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေအေးက လယ်ယာမြေအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းအောင်က စပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်သူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  အဆိုပါ နည်းပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)