စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရား၌ ကဆုန်​ညောင်​ရေသွန်းပွဲကျင်းပ

စမ်းချောင်း မေ ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက် အတုလာဓိပတိမဟာမုနိသကျကိုးထပ်ကြီးဘုရားယမန်နေ့ နံနက် (၈) နာရီက ကဆုန်‌ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​ ညောင်​ရေသွန်းပွဲမင်္ဂလာအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များ၊ ပြည်သူများတက်‌ရောက်ခဲ့ကြပြီး ဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းလှူခြင်း ညောင်ရေသွန်းဂါ‌တာတော်များ ရွတ်ဖတ်ပူ‌ဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ယနေ့ ကဆုန်လပြည်‌နေ့တွင် ကိုးထပ်ကြီးဘုရား၌ ညောင်ရေသွန်းလောင်းသူများ၊ ကောင်းမှုကုသိုလ်ပြုသူများ၊ အလှုဒါနပြုကြသူများ၊ စတုဒိသာကျွေးမွေးကြသူများ၊ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)