မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur အား လက်ခံတွေ့ဆုံ

ချမ်းအေးသာစံ  မေ ၂၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur အား ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်  အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြား အချက်အချာကျသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကိုပါ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်