တိုက်ကြီးမြို့နယ်၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် စက်မှုနည်းပညာဘာသာရပ်များနှင့်ပတ်သက်၍ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တိုက်ကြီး    မေ     ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ၂၀၂၄-၂ဝ၂၅  ပညာသင်နှစ်၌ ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း အ.ထ.က(၄)မင်္ဂလာဒုံ၊ အ.ထ.က(ဖားကူး)၊ အ.ထ.က(သာကေတ)၊ အ.ထ.က(သုဝဏ္ဏ)၊ အ.ထ.က(၆) မြောက်ဥက္ကလာနှင့်၊ အ.ထ.က(တိုက်ကြီး)တို့အတွက် က်မှုနည်းပညာဘာသာရပ်များနှင့်ပတ်သက်၍သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို မေလ(၄) ရက်နေ့မှ (၁၀)ရက်နေ့အထိ အဆိုပါကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က လက်ရှိဖွင့်လှစ်ထားရှိသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့် ဆက်လက်ဖွင့်လှစ်သွားမည့် ကျောင်းများ၏ သတ်မှတ်ချက်မှုများ သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့် ဘာသာရပ်များ၊ အခွင့်အလမ်းများနှင့် ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုများအား တက်ရောက်လာသူများနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၊ စင်ကာပူ- မြန်မာ သက်မွေးပညာသင်တန်းကျောင်း၊ ကိုရီးယား-မြန်မာနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများ ဆရာ၊ ဆရာ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)