တောင်ကုတ် မတ် ၂၈
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ဖောင်တော်ဦးစေတီတော် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုလျက်ရှိရာတွင်တောင်ကုတ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယစာမေးပွဲဖြေဆိုရန် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာအပါး(၅၅)ရှိသည့်အနက်မှ သံဃာ(၂၉)ပါးမှ ပါရာဇိကကဏ္ဍပါဠိအဌကထာ(၁)ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များ အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)