နမ့်စန်မြို့ အထက-ခွဲ (၅) ရပ်ကွက်ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ

နမ့်စန် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စာသင်ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်က အမှာစကားပြောကြားခဲ့ပြီး အထက-ခွဲ(၅)ရပ်ကွက်မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းနည်းပြ ဆရာ ၂ ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်က သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများကို ဘင်ခရာသင်တန်းသားသင်တန်းသူများက ဘင်ခရာဂီတစွမ်းရည်များ ပြသဖျော်ဖြေခဲ့ကြသည်။

အဆိုပါဘင်ခရာသင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၅၃ ဦးတက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

သူရအောင်