ကျောက်တံတား နိုဝင်ဘာ ၁၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်း လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့သော ပန်းဆိုးလမ်း(ကမ်းနားလမ်းမှ ကန်ရိပ်သာလမ်းအထိ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကတ္တရာကွန်ကရိလမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးကာ လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကတ္တရာကွန်ကရိလမ်းသစ်သည် အရှည်ပေ(၉၀၃၀)ပေရှိပြီး ကျောက်တံတားမြို့နယ်နှင့် မင်ဂလာတောင်ညွန့်မြို့နယ်တို့ကို ဆက်သွယ်ပေးထားပြီး ရန်ကုန်မြို့တော်၏ Central Business District Area အတွင်းပါဝင်သည့် တောင်မြောက် အဓိကလမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)