ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက်လေ့လာသည့် ကောက်ခံမှုနှုန်းထားများ ပြောင်းလဲသတ်မှတ်

ညောင်ဦး နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက်လေ့လာမည့် ပြည်တွင်းပြည်ပဧည့်သည်များကို ပြတိုက်ဝင်ကြေး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာခွဲ) ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက် လေ့လာသည့် ပြည်တွင်း/ပြည်ပဧည့်သည်များထံမှ ဝင်ကြေးကောက်ခံမှုနှုန်းထားများကို ပြည်ပဧည့်သည်တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း၊ ပြည်တွင်းဧည့်သည် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကောက်ခံခဲ့ကြောင်း၊ ယခုအခါ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက်လေ့လာမည့် ပြည်တွင်း/ပြည်ပဧည့်သည်များအား ဝင်ကြေးကောက်ခံမှုနှုန်းထား ပြည်ပဧည့်သည်တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ကျပ် ၁၀၀၀ သို့ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းထံမှ သိရသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၁၀ နှစ်အောက်ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား အခမဲ့ဝင်ရောက်ခွင့် ခွင့်ပြုပေးထားကြောင်း သိရသည်။

ဒီပါလင်း