လားရှိုး ဇွန် ၁၈
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် လားရှိုးမြို့ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ထွန်းထွန်းဝင်းက မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်အချက်များ၊ ယာဉ်မမောင်းမီ စစ်ဆေးရမည့် အချက်များ၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ကားမောင်းနေစဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် လိုက်နာရမည့်အချက်များ စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)