မူဆယ်မြို့တွင် အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နေပြီဖြစ်၍ ကျောင်းသုံးစာရေးကိရိယာများနှင့် ဗလာစာအုပ်များ ရောင်းအားကောင်း

မူဆယ် ဇွန် ၈

၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာရေးကျောင်းများ စတင်ဖွင့်လှစ်သည်ဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ အခြေခံပညာရေးကျောင်းများအနီးရှိ ကျောင်းသုံးစာရေးကိရိယာအရောင်းဆိုင်များတွင် စာရေးကိရိယာများနှင့် ဗလာစာအုပ်များ ရောင်းအားကောင်းလျက်ရှိပါသည်။

“အရင်နှစ်ထက်စာရင်တော့ ဗလာစာအုပ်တွေ၊ ဘောင်/ခဲတံတွေပိုပြီးရောင်းရတယ်။ ဒီနှစ်ကကျောင်းတက်တဲ့ ကျောင်းသား/သူတွေလည်း အရင်ထက်နှစ်ပိုများလာလို့ထင်တယ် ပိုရောင်းရတယ်။ တခြားစာရေးကိရိယာအရောင်းဆိုင်တွေတော့မသိဘူး ကျွန်တော်တို့ဆိုင်ကတော့ ကျောင်းနားနီးတော့ ပိုရောင်းအားကောင်းတယ်။ အချို့အသုံးများတဲ့စာအုပ်တွေ၊ ဘောပင်တွေဆို ပြတ်လုနီးပါးထိကို ရောင်းရတယ်”လို့ မူဆယ်မြို့ ကျောင်းအနီးရှိစာရေးကိရိယာ အရောင်းဆိုင်စာရေးမတစ်ဦးက ပြောကြားခဲ့ပါသည်။

မူဆယ်မြို့ နယ်အတွင်းတွင် ထက်/လယ်/မူအခြေခံပညာရေးကျောင်းပေါင်း(၁၀၁)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား/သူစုစုပေါင်း(၂၁၂၉၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဆက်ပိုင်(ပြန်/ဆက်)