ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင်ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပုံမှန်ရရှိနေ

ညောင်ဦး ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင် ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပုံမှန်ရရှိနေကာ မိသားစုစားဝတ်နေရေး ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် ပုံမှန်မိသားစုဝင်ငွေရရှိနေကြောင်း ခဝဲစိုက်ပျိုးတောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ တောင်ရွာနောင်ကျေးရွာအုပ်စုကျေးရွာများ၊ ကြအိုကျေးရွာအုပ်စုကျေးရွာများ၊ အထက်ညဉ့်အုပ်စုကျေးရွာများမှ ကျေးလက် တောင်သူများသည် မြေအောက်ရေသွင်းကာ ခဝဲသီးနှံစိုက်ပျိုးခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်က အစေ့တိုက်ရိုက်မြေမြှပ်စနစ်ဖြင့် ရေမြောင်းဘောင်ပြုလုပ်စိုက်ပျိုးကြပြီး အပင်ဖြစ်ထွန်းလာချိန် ခဝဲနွယ်တက်ရန် ခဝဲစင်များပြုလုပ်ထားပေးကြောင်း သိရသည်။ ခဝဲစိုက်ပျိုးပြီး လေးရက်မြောက်နေ့တွင် စတင်အပင်ပေါက်လာပြီး ၁၅ ရက်မြှောက်နေ့တွင် ခဝဲညွန့်များ ရှည်ထွက်လာကာ ခဝဲပင်တက်ရန် စင်များပြုလုပ်ပေးထားရာသို့ နွယ်တဖြည်းဖြည်းတက်လာကြောင်း၊ ရက်ပေါင်းသုံးဆယ်ခန့်ရှိလျှင် ခဝဲပွင့်များပွင့်လာကာ ခဝဲသီးစတင် သီးကြောင်း သိရသည်။ခဝဲပွင့် ခဝဲသီးများ တစ်ရွက် တစ်ပွင့်ပွင့်၊ ခဝဲသီးတစ်တောင့် သီးခြင်းကြောင့် အသီးသီးနှုန်းကောင်းမွန်ကြောင်း၊ ထွက်ရှိလာသည့် ခဝဲသီးများ တစ်တောင့် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ထိရောင်းချရပြီး၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ ထွက်ရှိလာသည့် ခဝဲသီးများအား ဖောက်သည် ပေး၍ရောင်းချခြင်းနှင့် ညောင်ဦးမြို့၊ မဏိစည်သူဈေးသို့ သွားရောက်ရောင်းချခြင်းဖြင့် မြေအောက်ရေသွင်းစိုက်ပျိုးသည့် တစ်ပိုင်တစ်နိုင်ခဝဲစိုက်ပျိုးကာ မိသားစုဝင်ငွေအဆင်ပြေနေ ကြကြောင်း ခဝဲစိုက်ပျိုးတောင်သူများထံက သိရသည်။

ဒီပါလင်း