ပုဗ္ဗသီရိ မေ ၂၆
ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) သို့ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဆွေမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲကို ယနေ့နံနက်ပိုင်းကအဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆန်းလွင်၊ ဦးစီးအရာရှိ ဒေါ်ခင်ချမ်းမြေ့ဦးတို့မှ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရုံးလုပ်ငန်းဆောင်ရွက်မှုများအား လာရောက်စစ်ဆေးခဲ့ရာ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ထက်မျက်လွင်၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးကျော်ဝေယံ ငြိမ်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်အုပ်ချုပ်ရေးမှူးဦးတင်မောင်ဆွေမှ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန်များအပြင် အခြားပေးအပ်သော တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ပေးကြရန်၊ နေ့စဥ်ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ရုံးသန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် ရုံးဝန်ထမ်းအိမ်ရာများ၌ အလင်းဖွင့်ရန် လိုအပ်သည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရန်၊ ရုံးခန်း၊ အစည်းအဝေးခန်း၊ အိမ်သာများနှင့် မိမိရုံး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ထင်နှင့်အဖွဲ့သည် ရုံးဗီဒိုများ၊ ကွန်ပျူတာများ၊ မိတ္တူကူးစက်နှင့် စာပေးစာယူဌာနတို့အား စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီး မန်ကျီးပျိုးပင် စိုက်ပျိုးမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)