ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဥပါလိသိမ်ဘုရားဖူးမြှော်ရင်း(၁၈)ရာစု နံရံဆေးရေး ပန်းချီများကိုလေ့လာနိုင်

ညောင်ဦး  မေ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေးလာရောက်လည်ပတ်ရင်း ပုဂံမြို့ဟောင်း- ညောင်ဦးသွားကားလမ်းဘေးရှိ ဥပါလိသိမ်အတွင်းရှိ ဘုရားကိုဖူးမြှော်ရင်း သိမ်အတွင်းရှိ (၁၈) ရာစု  နံရံဆေး ရေးပန်းချီများကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံကသိရသည်။

ဥပါလိသိမ်သည် ညောင်ဦး-ပုဂံမြို့သွားကားလမ်းဘေး ထီးလိုမင်းလိုဘုရားအနီးတွင်တည်ရှိပြီး၊ ဥပါလိသိမ်တော်ကို ပုဂံခေတ်တွင် ထင်ပေါ်ကျော်ကြားသော ဥပါလိ မထေရ်သမုတ် သည့်သိမ်တော်ဟုယုံကြည်လျက်ရှိကြသည်။ နားတောင်းများမင်းနှင့် ကျစွာမင်း လက်ထက်တို့တွင် ဥပါလိမထေရ်ပေါ်ပေါက်ခဲ့ပြီး (၁၃)ရာစုနှစ်အလယ်ပိုင်းတွင်  သိမ်တော်ကိုတည်ဆောက်ခဲ့ဟန်ရှိကြောင်း၊ ထိုအဆောက်အုံကို နှောင်းခေတ်များတွင် ဥပါလိသိမ်တော်အား ပြန်လည်ပြုပြင်ခဲ့ဟန်ရှိကြောင်း သာဓကမှာ ဆင်ယာဉ်၊ မြင်းယာဉ် ၊ရထားယဉ်နှင့်တကွ ရှေးကမ္ဘာအစဉ်အဆက်မှဘုရားလောင်းတို့တောထွက်ခန်းများ၊ ဗောဓိပင်အသီးသီးအောက်ရှိ နှစ်ကျိတ်ရှစ်ဆူဘုရားများ၊ ကနုတ်ပန်းများ၊ မှူးမတ်အစုံအ ညီဖြင့် အနော်ရထာမင်းကြီး သိမ်သမုတ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပုံ နံရံဆေးရေးပန်း ချီများကိုလေ့လာနိုင်ပါတယ်၊ ဆင်ယင်ထုံးဖွဲ့ပုံကြည့်ခြင်းဖြင့် (၁၈)ရာစုနှစ်  နံရံဆေးရေး ပန်းချီများကိုလက်တွေ့လေ့လာနိုင်ကြောင်းသိရသည်။

ဥပါလိသိမ်၏ မြောက်ဘက်တွင် ရှေးဟောင်းစေတီ ၊ပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ အရှေ့မြောက်ဘက်တွင် သကြားပုန်းဘုရား၊ သကြားဟစ်ဘုရား၊ အရှေ့ဘက်တွင် ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရား၊ တောင်ဘက်တွင် ရှေးဟောင်းဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင်ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊မတူညီသောတည်ထား မှုပုံစံအမျိုးမျိုးတို့ဖြင့်ဘုရားများကိုလေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း