စမ်းချောင်း မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများအကြောင်း၊ သင့်အိမ်တွင် အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်ပါက ဘာလုပ်ရမလဲ၊ ရောဂါကူးစက်ခံရပါက အိမ်တွင်ပြုစုစောင့်ရှောက်နည်း၊ ဘယ်ဆေးတွေကို သောက်ရမလဲ၊ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများအား အိမ်တွင်ပြုစု စောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့်(၅)ဆင့်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ရန်၊ စနစ်တကျ အဆင့်ဆင့် လက်ဆေးနည်းများအကြောင်းတို့ ကို ပြသထားရာ Youth Club အသင်းသား/သူများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ Youth Club အသင်းသား/ သူများက သုတ၊ ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နီလာစိုး