သထုံမြို့၌ မော်တော်ဆိုင်ကယ်ဘေးတွဲ သုံးဘီး‌ယာဉ်များ အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်ခြင်းမပြုရေး ပညာပေးဆောင်ရွက်

သထုံ မေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အသုံးပြုပြေးဆွဲနေကြသည့် မော်တော်ဆိုင်ကယ် ဘေးတွဲသုံးဘီးယာဉ်များ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ခြင်းမပြုရေးအတွက် ပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သိမ်ကုန်းရပ်ကွက်၊ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်ရှေ့၌ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်‌ မောင်းနှင်သွားလာနေကြသည့် မော်တော်ဆိုင်ကယ်ဘေးတွဲယာဉ် စုစုပေါင်း ၁၅၇ စီးတို့အား ရပ်တန့်တားဆီးကာ ‌ဘေးတွဲဆိုင်ကယ်မောင်းနှင်ခြင်းနှင့်ပတ်သတ်၍ ဥပဒေအရခံစားရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များနှင့် လမ်းမကြီးအသုံးမပြု‌ရေးတို့ကို ဆွေးနွေးပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်