ပြင်ဦးလွင် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ် ကုတင် ၇၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမိုးဆွေ ဦးဆောင်သော တပ်ဖွဲ့စခန်းတို့မှ တပ်ဖွဲ့ဝင်များ စုပေါင်း၍ သန္ဓေတပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်တပ်ဖွဲ့ဝင်( ၃ )ဦး၊ မိသားစုဝင်( ၂ )ဦး စုစုပေါင်း(၂၅)ဦးတို့ဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တပ်နယ်မှ တာဝန်ရှိသူများ၊ တပ်မတော်စစ်ဆေးရုံမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းကြ သူများအား ကြက်ဥနှင့် အားဖြည့်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမင်းလှိုင်